MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ





နေပြည်တော်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် မြို့/ရွာများအတွင်း ယခုကဲ့သို့ ဒေသခံပြည်သူများ အသက်အန္တရာယ်ထိခိုက်သေကြေစေရန် ရည်ရွယ်၍ ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများက ၎င်းတို့၏လုပ်ရပ်များကို ရွံရှာစက်ဆုပ်၍ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation) ကို ပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)