ဘိုကလေးမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လူငယ်စကားဝိုင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လူငယ်စကားဝိုင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




ဘိုကလေး၊ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ယမန်နေ့မှ စတင်၍ ကျင်းပဆောင်ရွက်ရာ ယနေ့ နံနက်(၈)နာရီမှ စတင်၍ ပွဲတော်ဒုတိယနေ့ လူငယ်စကားဝိုင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး လူငယ်စကားဝိုင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့်အတူ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသား/ သူ(၄)ဦးတို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီး၌ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းသည် စာတတ်သူတိုင်းစာဖတ်ကြစေဖို့နဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျောင်းသားလူငယ်များနှင့် ပြည်သူများသည် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်နေရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ၏ ဖျော်ဖြေရေးကဏ္ဍများ တင်ဆက်ကြပြီး ပွဲတော်ပထမနေ့တွင် ယှဉ်ပြိုင်ခဲ့ကြသည့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ပွဲတော်အတွင်းပြသထားရှိသည့် ဌာနဆိုင်ရာပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဓာတ်ပုံပြခန်းတို့အား စည်ကားသိုက်မြိုက်စွာ၊ ပျော်ရွှင်စွာဖြင့် လှည့်လည်လေ့လာကြည့်ရှုကြကြောင်း သိရသည်။


မိုးစက်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)