တိုကျို၊ နိုဝင်ဘာ ၁၃
မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် ဂျပန်ရိုးရာအိတ် နည်းပြ ဆရာမကြီး Mrs. Osawa Michiyo တို့ပူးပေါင်း၍ မြန်မာသံရုံး၊ တိုကျိုမြို့တွင် ၁၂-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့)၊ နံနက် ၁၁ ၀၀ နာရီမှ ၁၂ ၀၀ နာရီအထိ မြန်မာတိုင်းရင်းသားဝတ်စုံများဖြင့် ဂျပန်ရိုးရာအိတ်များကိုင်ဆောင်အလှပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သံအမတ်ကြီး၏ဇနီး ဒေါ်လဲ့လဲ့ဝါနှင့် ဂျပန်နည်းပြ ဆရာမကြီး Mrs. Osawa Michiyo တို့က အဖွင့်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာတိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ထားသည့် မြန်မာအမျိုးသမီးငယ်များနှင့် ကီမိုနို ဝတ်ဆင်ထားသည့် ဂျပန်အမျိုးသမီးများမှ ဆရာမကြီး Mrs. Osawa Michiyo ပြုလုပ်သည့် ဂျပန်ရိုးရာအိတ်များ ကိုင်ဆောင်ကာ အလှပြ လမ်းလျှောက်ခဲ့ကြပါသည်။ ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီးဒေါ်လဲ့လဲ့ဝါတို့က Mrs. Osawa Michiyo အား ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပြီး၊ Mrs. Osawa Michiyo မှ အလှပြသခဲ့သည့် အမျိုးသမီးငယ်များအား ဂုဏ်ပြုပန်းစည်းပေးအပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည် တော်များအား မြန်မာသံရုံးမှ မုန့်ဟင်းခါး၊ မြန်မာရိုးရာမုန့်များ၊ မြန်မာလက်ဖက်ရည်စသည့် မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တက်ရောက်လာ သည့် ဧည့်သည်တော်များမှ မြန်မာရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် ဂျပန်ရိုးရာအိတ်များ ခင်းကျင်းပြသထားမှုကိုလည်း ကြည့်ရှုခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်း ၁၃ ၀၀ နာရီမှ ၁၆ ၀၀ နာရီအထိ ဂျပန်နည်းပြဆရာမကြီး Mrs. Osawa Michiyo မှ မြန်မာ့ရိုးရာချည်ထည်များ အသုံးပြုကာ ဂျပန်ရိုးရာလဘက်ရည်ပွဲတွင် အသုံးပြုသည့် အိတ်ပြုလုပ်နည်းလက်မှုအတတ်ပညာ သင်ကြားပို့ချသည့် အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ ၏ဇနီးများ၊ ဂျပန်လူမျိုးများ၊ ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းတို့မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment