ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ပြီး လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ ဆက်ကြေးကောက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ၂ဦး ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ပြီး လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ ဆက်ကြေးကောက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ၂ဦး ပြစ်ဒဏ်ချမှတ်


ဝက်လက်၊ နိုဝင်ဘာ ၁၃

ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ပြီး လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ ဆက်ကြေးကောက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ၂ဦး ၁၂-၁၁-၂၀၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲနှင့် ဆက်သွက်၍ ခဲယမ်းများသယ်ယူပေးခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ဆက်ကြေးကောက်ခြင်း၊ နေထိုင်သည့် နေရာများ အား  သိရှိပါလျက် လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်မှုကျူးလွန်ခဲ့သူ တရားခံ မေရတနာဦး(ခ) မေမိုးခေါင် အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(ခ)တို့အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ လှေတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့၏ နေရာများအား  သိရှိပါလျက် လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်မှု ကျူးလွန်ခဲ့သူ တရားခံ ငယ်လေး(ခ) ဝါလေးအား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(ခ)အရ  ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများကို စစ်ခုံရုံးဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)