သာယာဝတီမြို့နယ်တွင် နွေစပါးစံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် နွေစပါးစံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ

 



သာယာဝတီ ၊  နိုဝင်ဘာ ၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာအုပ်စု ကွင်းအမှတ် (၄၈၅) ဦးပိုင်အမှတ် (၄၂/၅)ရှိ တောင်သူ ဦးမျိုးဝင်း၏ ဆင်းသုခစပါးမျိုးစိုက်ခင်းတွင် ယနေ့ နံနက် ၁၀ နာရီက နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စိုက်ညှိအဖွဲ့ဝင်များ တောင်သူများ တက်ရောက်ခဲ့သည်။


စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းမှ မိုးစပါးသီးနှံ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခဲ့မှုများနှင့် ဆောင်းသီးနှံများထဲမှ အဓိကသီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးရေး စနစ်တကျ မြေပြုပြင်ရေးသွင်းအားစုများ စနစ်တကျ သုံးစွဲရေး အပင်ဦးရေ ပြည့်မီရေးအတွက် စနစ်တကျ စိုက်ပျိုးရေးစသည့် အထွက်နှုန်း တိုးတက်ရေးနည်းပညာများကို ဆွေးနွေးခဲ့သည်။


ထို့နောက် နွေစပါးအထွက်နှုန်း စံကွက်(၀.၁၈) ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း (၁၁၀) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သန့်ဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)