အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်
(၂၃-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)
(၁၈) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည် အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပေါ် အများယုံကြည်လက်ခံနိုင်မှုတို့ကို ထိခိုက်စေကြောင်း အချို့ပြည်ပသတင်းများတွင် အထင်လွဲမှားစွာ ထုတ်ပြန်ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေးကဲ့သို့ အာဆီယံနှင့် အာဆီယံဦးဆောင်သည့် ယန္တရားများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည် တန်းတူကိုယ်စားပြုတက်ရောက်ခွင့်မရသော်လည်း အာဆီယံကာကွယ်ရေးဝန်ကြီး များအစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေးများတွင် အပြုသဘော ပါဝင်တက်ရောက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာတန်းတူရည်တူရှိမှု၊ အဖွဲ့ဝင်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုတို့ကို အလေးထားလျက် အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ဖော်ပြထားသော အာဆီယံ၏ အခြေခံမူများနှင့် စံနှုန်းများကို အစဉ်တစိုက် လေးစားလိုက်နာတန်ဖိုးထားပါသည်။
ထို့ပြင် အာဆီယံ၏ အချက်အချာကျမှုနှင့် အများယုံကြည်လက်ခံနိုင်မှုကို အစဉ်မြှင့်တင်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများအကြား ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကို မြှင့်တင်ရာတွင် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ လုပ်ငန်းစဉ်များကို အပြုသဘော ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် အာဆီယံ၏ အချက်အချာကျမှုကို ဟန့်တားနေကြောင်း၊ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ခက်ခဲသည့် အခြေအနေရောက်အောင် တွန်းပို့နေကြောင်း သတင်းမီဒီယာအချို့၏ စွပ်စွဲချက်များကို မြန်မာနိုင်ငံအနေဖြင့် လက်မခံ ပယ်ချပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ ပဋိညာဉ်စာတမ်း၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံလမ်းစဉ်တို့ကို အခြေခံလျက် အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီး များအပေါင်းအစည်းအဝေးများအပါအဝင် အာဆီယံဦးဆောင်သည့် ယန္တရားများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း၊ အာဆီယံအပေါင်းနိုင်ငံများနှင့်လည်းကောင်း နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Join - https://t.me/MyanmarNationalPost
****************************************
Press release regarding the ASEAN Defence Ministers' Meeting
(23-11-2024, Nay Pyi Taw)
Myanmar has learnt some foreign media reports which mistakenly expressed that Myanmar’s stance during the 18th ASEAN Defence Ministerial Meeting (18th ADMM) could undermine the ASEAN Centrality and ADMM’s Credibility.
As a responsible ASEAN Member State, Myanmar is actively cooperating with ASEAN and ASEAN-led mechanisms such as ADMM and ADMM-Plus, while constructively participating in ADMM and ADMM-Plus meetings although Myanmar has not been equally represented.
Myanmar consistently adheres to and values ASEAN’s long-standing principles and norms enshrined in the ASEAN Charter and the Treaty of Amity and Cooperation in Southeast Asia (TAC) while respecting the sovereign equality, non-interference and peaceful co-existence.
In addition, Myanmar always promotes the ASEAN Centrality and Credibility as well as positively contributes to the activities of ADMM in enhancing regional defence cooperation and coordination among ASEAN Member States and plus countries.
Myanmar, therefore, rejects the accusation made by some foreign media that Myanmar's actions may undermine the ASEAN Centrality and place the ADMM in a difficult position.
Myanmar is committed to fostering strong and friendly relations with all ASEAN Member States. Myanmar will continue working closely with all ASEAN Member States and plus countries at the ASEAN-led mechanisms including ADMM and ADMM-Plus based on the ASEAN Charter, ASEAN spirit and ASEAN way.
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment