မိုင်းယုမြို့၌ ကိုယ်ထူကိုယ်ထ “ဆမ်မိန်းခန်းမဆောင်” သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ ကိုယ်ထူကိုယ်ထ “ဆမ်မိန်းခန်းမဆောင်” သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ







မိုင်းယု၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အလှူရှင်များနှင့် ကျေးရွာသူ ကျေးရွာသားတို့မှ စုပေါင်းတည်ဆောက်ထားသည့် ကိုယ်ထူကိုယ်ထ “ဆမ်မိန်းခန်းမဆောင်” သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ဖိတ်ကြားထားသည့် မိုင်းယောင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ) လော်ခယ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုစုနှင့် အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်မှူး ဗိုလ်မှူး လုတ်ချာ၊  ဆမ်မိန်းသင်းအုပ်ဆရာနှင့် ရပ်မိရပ်ဖတို့က အဖွင့်ဆုတောင်းခြင်းနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က “ဆမ်မိန်းခန်းမဆောင်” သစ်ဖွင့်လှစ်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အဖွင့်အမှာစကားပြေားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်လာခြင်းအပေါ်  ကျေးရွာသူကျေးရွာသားများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ဆမ်မိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပိုက ဆမ်မိန်းခန်းမဆောင် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် အလှူရှင်များနှင့် ရွာသူရွာသားများကို ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အလှူရှင်များနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် စေတနာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားဒေသနာတော်ဟောကြားခြင်း၊ ဓမ္မသီးချင်းများ သီဆိုခြင်း၊ ကောင်းချီးမင်္ဂလာပေးဆုတောင်းခြင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မိတ်ဆုံစားသောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ကိုကိုနိုင်

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)