၂၀၂၄ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၄ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ ကျင်းပမည်



နေပြည်တော်၊ နိုဝင်ဘာ ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ ရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပမည် ဖြစ်သည်။

အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၎င်းနှင့် အလားတူစာမေးပွဲ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိပြီး အဘိဓမ္မာ (ရိုးရိုး) အောင်မြင်ပြီးသူများသည် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြစ်စေ ဖြေဆိုနိုင်သည်။

ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၎င်းနှင့် အလားတူ စာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။

အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိပါသည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံမအောင်မြင် သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင် ရာစာဖြေဌာနတည်ရှိရာ နေပြည်တော်၊ တိုင်း ဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယက အဖွဲ့ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများတွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)