ပေါင် ၊ အောက်တိုဘာ ၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်ဌာနဆိုင်ရာများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူ ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ကြိုးစားမှုကြောင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ရာနှုန်းပြည့်ပြီးစီးခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဆောင်းသီးနှံ၊နေကြာ၊မြေပဲ များကိုအချိန်မီ စိုက်ပျိုးနိုင်အောင် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် နိုင်ငံတော်အလံသစ်များ လွှင့်တင်ကြပါရန် နှင့် ရုံးဥပဓိရုပ် သစ်လွင်ကောင်းမွန်အောင် ဆောင်ရွက်ကြဖို့အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်မှုများအချိန်မီပြီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြ ဆွေးနွေးခဲ့သည့်အပေါ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များက
လိုအပ်သသည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment