သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်အနီးတွင် Pajero ယာဉ်ပေါ်မှ လက်နက်နှင့် ကျည်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်အနီးတွင် Pajero ယာဉ်ပေါ်မှ လက်နက်နှင့် ကျည်များ ဖမ်းဆီးရမိ





နေပြည်တော်၊ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်အနီးတွင် Pajero ယာဉ်ပေါ်မှ လက်နက်နှင့် ကျည်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက် နေ့လည် (၁)နာရီ (၅၀)မိနစ်အချိန်ခန့်က တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ မြဝတီမြို့ဘက်မှ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း သူရဇော်(ခ)အောင်ကြီး မောင်းနှင်သည့် Pajero အပြာရောင်ယာဉ်အား စစ်ဆေးရာတွင် အဆိုပါ ယာဉ်ပေါ်မှ AK - 47 (၇)လက်၊ MA-1 (၁)လက်၊ AK ကျည်ဘောက် (၇)ခု၊ MA-1 ကျည်ဘောက် (၃)ခု(ဖိုက်ဘာ)၊ ၅.၅၆ ကျည် (၈၈၀)တောင့်၊ ပွိုင့် ၃၈ ကျည် (၂၄)တောင့်၊ ပွိုင့် ၉ မမ ကျည် (၇၀)တောင့် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)