မိုင်းယန်း ၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့မအားကစားခန်းမရှေ့မှတစ်ဆင့် ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပူဇော်ပွဲကို မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ အလှူရှင်များတို့မှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ကားစွာလှည့်လည်၍ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းသို့ ပူဇော်ထားရှိခဲ့ကြသည်။
ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဓဇ သာသနတက္ကသီ ဓမ္မာစရိယ၊ မဟာသဒ္ဒမ္မဇောတိကဓဇထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကထိန်းသင်္ကန်း ကပ်လှူပူဇော်ရခြင်း တရားတော်ကိုနာယူ၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သာသနာပြုအဓိဌာန် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment