ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်







ပဲခူး၊ နိုဝင်ဘာ ၂၇      

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက “လူငယ်စွမ်းရည်” သီချင်း ဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားစိတ်ဓါတ်သည် တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်လိုစိတ်ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို တိုင်းဒေသကြီးကိုယ်စားပြု အားကစားမောင်/မယ်များအား အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ရန်အတွက် စိတ်ဓါတ်ခွန်အားပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ အားကစားမောင်/မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များ ပြင်းပြနေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓါတ်ဖြင့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိအောင် ယှဉ်ပြိုင်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။  

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၂၆၈.၇၅၂) သန်း ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က လက်ခံရယူခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့အား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းကျွေးမွေးကာ တေးဂီတများဖြင့် ဖျော်ဖြေဧည့်ခံခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပဲခူးတက္ကသိုလ်နှင့် သီးခြားအနုပညာရှင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)