ဆီဆိုင် ၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း လျာထားချက်များ ရေးဆွဲတင်ပြရာတွင် မူဝါဒ၊ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အဆိုပြုလျာထားရာ၌ မြေပြင်အခြေအနေပေါ်စိစစ်၍ လုပ်ငန်းပြောင်းလဲဆောင်ရွက်မှု လျော့နည်းစေရန် ဒေသအတွက် အမှန်တကယ်မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစီမံကိန်းများကို ထည့်သွင်းရေးဆွဲ လျာထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိဌာနအလိုက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို အသီးသီးဆွေးနွေးတင်ပြကြရန် တာဝန်ရှိသူတို့မှ လိုအပ်သည်များ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment