အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ


ဂျကာတာ၊ နိုဝင်ဘာ ၅

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံအတွင်းရေးမှူးချုပ်    H.E. Dr. Kao Kim Hourn အား ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းမှုများ အပါအဝင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် မကြာသေးမီက ကျင်းပခဲ့သည့် (၄၄) ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများမှ ဆွေးနွေးခဲ့မှုများ၏ ရှေ့ဆက်ဆောင်ရွက်ရန် ကိစ္စများ၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေး (11th CLMV Summit) နှင့် စပ်လျဉ်းသည့်ကိစ္စများနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် (Deputy Secretary-General of ASEAN for ASEAN Socio-Cultural Community (၂၀၂၄-၂၀၂၇) ခုနှစ်) အတွက် မြန်မာနိုင်ငံမှ အငြိမ်းစားသံအမတ်ကြီး ဦးစံလွင်အားခန့်အပ်ခဲ့ခြင်း စသည်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)