ရန်ကုန်၊ နိုဝင်ဘာ ၅
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA( ဗဟို ) ဥက္ကဋ္ဌ၏ လမ်းညွန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တပ်တော်အရိုးအထူးကုဆေးရုံ ခုတင်(၅၀၀)တွင် အရေးပေါ်လိုအပ်လျှက်ရှိသော သွေးအမျိုးအစား A+ ၁ လုံး၊ B+၂ လုံး၊ O+ ၂ လုံး၊ စုစုပေါင်း(၅)လုံးတို့အား ၅.၁၁.၂၀၂၄ ရက်နေ့ နေ့လယ် (၂း၀၀) နာရီစ၍ YMBA၏ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ YMBA အသင်းသားများမှ လိုအပ်နေသော သွေးအမျိုးစားတို့ကို သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ကြသည်။
သွေးလှူဒါန်းခြင်းအား ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်းရေးမှူး၊ လူငယ်ကင်းထောက်တာဝန်ခံ ဦးရန်လင်းအောင်မှ ဦးဆောင်၍ အသင်းသားများ/အဖွဲ့ဝင်များမှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရပြီး သွေးလှူဒါန်းမှု ညနေ(၄း၀၀ )နာရီ အချိန်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment