နေပြည်တော်၊ နိုဝင်ဘာ ၇
စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံပြန်ပြည့်မြဲစွမ်းအင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဥပဒေမူကြမ်းကို ရေးဆွဲ၍ ဥပဒေမူကြမ်းတွင် စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ စွမ်းအင်အသုံးပြုစက်ပစ္စည်းကိရိယာများကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍစသည့် ကဏ္ဍ (၄) ရပ်၌ စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေးနည်းပညာများကို ပိုမိုအသုံးချဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲခဲ့မှု၊ ပြဋ္ဌာန်းထားသည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရေးဆွဲခဲ့သည့် ဥပဒေမူကြမ်းပါ အချက်အလက်များနှင့် ပါဝင်သင့်သည့် အချက်များ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment