ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်


အမရပူရ၊ နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်လဝကမှူးဒေါ်ခင်ခင်စန်း​ဦး​ဆောင်သောအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့  ပန်းခင်းစီမံချက်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်သော ကျောင်းသား (၃၂)   ဦး၊ ကျောင်းသူ (၄၆) ဦး စုစုပေါင်း (၇၈)ဦးတို့အား  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။


စိုးသီဟ(အမရ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)