Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်




ဂျကာတာမြို့၊ နိုဝင်ဘာ ၂

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဂျကာတာမြို့၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပသည့် “Jakarta Forum on ASEAN-China Relations” သို့ ပါဝင် တက်ရောက်ခဲ့သည်။

ယင်းဖိုရမ်၌ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှား နိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

၂၀၂၄ ခုနှစ်သည် “ASEAN-China Year of People-People Exchanges” ဖြစ်သည်နှင့်အညီ ယင်းကိုအထောက်အကူပြုသည့်အနေဖြင့် ယခုဖိုရမ်ကို “Bridging and Bonding by Connectivity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်ကို အာဆီယံနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေး အလား အလာများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)