ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၁

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာစီးပွားရေးကောင်စီ (Russian-Myanmar Business Council- RMBC)ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ရုရှားနှစ်နိုင်ငံအကြား လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်နှင့် အနာဂတ်တွင် ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများနှင့်ပတ်သက်၍ အပြန်အလှန် အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရုရှားကိုယ်စားလှယ်အဖွဲ့က ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်လှူဒါန်းပေးရန် အမေရိကန်ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးနှင့် မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)