ရွှေတောင်မြို့နယ်တွင် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဓါတ်မှန်အထူးကု ဆရာဝန်ကြီး ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များကMobile. USG ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဓါတ်မှန်အထူးကု ဆရာဝန်ကြီး ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များကMobile. USG ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

 




ရွှေတောင် ၊ နိုဝင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ ပြင်ပလူနာဆောင်တွင် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဓါတ်မှန်အထူးကုဆရာဝန်ကြီးဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များမှ Mobile. USG ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

      အဆိုပါ ဆေးကုသမှု ဆောင်ရွက်ရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု အားပေး၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး Mobile. USGဓါတ်မှန် ဖြင့် ကုသမည့်ကိုယ်ဝန်ဆောင်မိခင်( ၆၄)  ဦးတို့အား ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)