ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ




ဘားအံ၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini က ICRC ၏ အခြေခံမူနှင့် ကရင်ပြည်နယ်အတွင်း ဘေးဒုက္ခရောက်သူများအား ကူညီထောက်ပံ့ပေးခြင်း၊ အကာအကွယ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ (၅/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ် (၇)မြို့နယ်မှ ရပ်ကွက်ပေါင်း(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၁၉၀)အုပ်စုတွင် စာရင်းကောက်ယူ နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူ နိုင်မှုအတွက်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်အဆင့် (၃)တို့ကို သတ်မှတ်ကာလအတွင်းအောင်မြင်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်မြင့်က ဗဟိုသန်းခေါင် စာရင်းကော်မရှင်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပြီးစီးမှုတင်ပြချက်၊ ကောက်ယူပြီးစီးမှုရာနှုန်း(၃)မျိုး၊ ကောက်ယူပြီးစီးမှုအရ လူဦးရေဆိုင်ရာတင်ပြချက်၊ ကောက်ယူရန်ကျန် ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကျေးရွာစာရင်းတို့ကို ရှင်းလင်းတင်ပြပြီး ခရိုင်သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဆက်လက်ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီများ၊ စာရင်းစစ်၊စာရင်းကောက်အဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)