အရာတော်မြို့နယ်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များထံ KIA က လက်နက်ကြီးများ ပို့ဆောင်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များထံ KIA က လက်နက်ကြီးများ ပို့ဆောင်ထား


အရာတော်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် (မြောက်ပိုင်း) ရွှေတွင်းကုန်းကျေးရွာ၊ နောင်ကြီးအိုင်ကျေးရွာ၊ ရေယိုကျေးရွာတို့ရှိ PDF အကြမ်းဖက်ခေါင်းဆောင်များ၏ နေအိမ်များသို့ KIA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများ ပို့ဆောင်ထားကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့ကို NLD လွှတ်တော်အမတ်ဟောင်းများ က ဦးဆောင်ပြီး အရာတော်မြို့နယ်(မြောက်ပိုင်း) အုပ်ရှစ်ကြီးကျေးရွာအုပ်စု ရွှေတွင်းကုန်းရွာ၊ အိုးဘိုကုန်းရွာ၊ ထန်းတောကုန်းရွာ၊ အုပ်ရှစ်ကုန်းကျေးရွာများကို လွတ်မြောက်နယ်မြေအဖြစ် PDF အကြမ်းဖက်အဖွဲ့က ပွဲလမ်းသဘင်များ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀-၁၁-၂၀၂၄ ရက်နေ့ ညနေပိုင်းက KIA အကြမ်းဖက်အဖွဲ့ဝင်များက လက်နက်ကြီးများ သယ်ဆောင်လာပြီး ရွှေတွင်းကုန်းကျေးရွာမှာ PDF ခေါင်းဆောင် ဦးတက်ပြား၏ နေအိမ်တွင် ၁လက်၊ နောင်ကြီးအိုင်ကျေးရွာ PDF ဦးမြဝင်း နေအိမ်တွင် ၁လက်၊ ရေယိုကျေးရွာမှ PDF ဦးရွှေကြူး နေအိမ်တွင် ၁လက် ထားရှိကြောင်း ဆက်သွယ်သတင်းပေးပို့ထားသည်။

(မှတ်ချက် - အရာတော်မြို့နယ်တွင်း NLD လွှတ်တော်အမတ်ဟောင်းများ ဦးဆောင်၍ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခရီးသွားပြည်သူများထံမှ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်နေမှုများကို အစဉ်သဖြင့် တင်ပြခဲ့သော်လည်း ဒေသအာဏာပိုင်များမှ ရှင်းလင်းဆောင်ရွက်ခြင်း အလျဉ်းမရှိဘဲ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများကိုပင် ငွေကြေးရယူ လွှတ်ပေးပြီး သတင်းပေးသူများကို သတ်ခိုင်းသည့် အခြေအနေများကြောင့် သတင်းများ ဆက်လက်မဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ဒေသခံ ပြည်သူများမှ ဖော်ပြပေးပါရန် ဆက်သွယ်ပေးပို့လာခြင်းကြောင်း ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)