MDY-PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများ အကျအဆုံးများပြီး လူသစ်စုဆောင်းမှုများလုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။
MDY-PDF အမည်ခံ အကြမ်းဖက်အဖွဲ့ က "MDY-PDF နှင့်အတူ ပြည်တော်ဝင်မယ့် စစ်သည်တော်အသစ်များကို ခေါ်ယူနေပါပြီ" ဟူသော ကြော်ငြာစာအား ပြည်ဖျက်မီဒီယာများမှ ဝေဝေဆာဆာ ဖြန့်ချိနေသည်ကို တွေ့ရှိရပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တိမ်းရှောင်လာသည့် မိဘတစ်ဦးက "ကျွန်တော်တို့ ရွာတွေဘက်က PDF ထဲကို ဝင်ချင်လည်းဝင်၊ မဝင်ချင်လည်း ဝင်ရတယ်။ မဝင်ရင် ဒလန်ဆိုပြီး သတ်မှာလေ။ တာဝန်ရှိသူတွေကလည်း မကာကွယ်ပေးနိုင်ဘူး။ နီးရာဓားကို ကြောက်ရတာဆိုတော့ ကျွန်တော့်သားလေး အရွယ်မရောက်သေးဘဲ PDF ထဲ ထည့်လိုက်ရတယ်။ ကျွန်တော်တို့ဆီကနေပြီးတော့ နောင်ချို၊ လားရှိုးတို့ဘက်ကို လိုက်ကြရသူတွေ ရှိတယ်။ ကျွန်တော်တို့က အဲဒီကနေ ထွက်လာကြတာ ကြာပါပြီ။ သားနဲ့ အဆက်အသွယ်ရှိတယ်။ အခုနောက်ပိုင်း ဆက်သွယ်လို့ မရဘူး။ တခြားသူတွေကို မေးမြန်းကြည့်တော့လည်း သေသလား၊ ရှင်သလား မသိကြဘူး။ တိတိကျကျလည်း မပြောကြဘူး။ PDF တွေ အောင်ပွဲရနေတယ်ဆိုရင် လူသစ်စုဆောင်းဖို့ လိုမလားဗျာ။" ဟု ပြောသည်။
PDF အကြမ်းဖက်အဖွဲ့၏ ဒုက္ခပေးမှုကြောင့် ထွက်ပြေးလာရသည့် အမျိုးသားတစ်ဦးက "ကျွန်တော်တို့ ဒီပဲယင်း၊ အရာတော်ဘက်က ပဒက်တွေလည်း ရှမ်းမြောက်တိုက်ပွဲတွေကို လိုက်ကြရတယ်။ အဲဒီဘက်နေ လက်နက်တွေ ရလာကြတာလည်း ရှိတယ်။ ဒီကို ရှောင်လာပေမယ့် နယ်က အခြေအနေတော့ အဆက်အသွယ် မပြတ် သိနေရပါတယ်။ တချို့လိုက်သွားပြီး ပြန်ပါမလာဘူး။ မိဘတွေက စုံစမ်းမေးမြန်းတော့လည်း မပြောကြဘူး။ တချို့မိဘတွေက သေပြီလို့ ယူဆပြီး ဆွမ်းသွပ်တာ၊ အမျှအတန်းပေးဝေတာမျိုး လုပ်မယ်ဆိုရင်လည်း NLD လွှတ်တော်အမတ်ဟောင်း PDF ခေါင်းဆောင်တွေ က လုပ်ခွင့်မပြုဘူး။ အသေများလို့ လူသစ်ထပ်စုနေရတာပေါ့ဗျာ။ သူတို့အလိုဆန္ဒအတွက် လူတွေကို ဒုက္ခပေးလို့ အားမရနိုင်ကြသေးဘူး" ဟု ပြောသည်။
နောင်ချိုတိုက်ပွဲများတွင် MDY-PDF နှင့် TNLA အကြမ်းဖက်အဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုလ အစောပိုင်းမှစ၍ တပ်မတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်နေခြင်းကြောင့် အကြမ်းဖက်သမား အသေများခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်နေသည့် TNLA အကြမ်းဖက်အဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားရာတွင် စစ်ရေးတင်မာမှုများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်းဖြင့် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment