မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာရှိ TNLA/PDF အကြမ်းဖက်အဖွဲ့များ၏ စခန်းတွေကို တပ်မတော်က ထိုးစစ်ဆင်ပြီးနောက် အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တပ်မတော်သားများ၏ Telegram Channel များတွင် ဖော်ပြထားချက်အရ သိရသည်။
စပယ်နဂိုရွာကို TNLA/PDF အဖွဲတွေ ထိုင်ထားတာ ကြာပြီဖြစ်ကြောင်း ကျောက်ကြီးတပ်က ဝင်ရှင်းသွားပြီဖြစ်ကြောင်း၊ ကျောက်ကြီးတပ်က အနီးရှိ ရွာတွေကို ပြန်လည် ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်သွားပြီဖြစ်ကြောင်း၊ တွင်းငယ်ကတော့ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
သပိတ်ကျင်းမြို့နယ်၌ ကျောက်ကြီးတပ်(နည်းပညာတပ်)၊ တွင်းငယ်အခြေစိုက်(တ-တ-က ၁၃)၊ ၇ မိုင် အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ်(စ-ခ-တ ၂) တို့သည် အကြမ်းဖက်အဖွဲ့ လှုပ်ရှားရာ နယ်မြေများကို နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment