အမ်းမြို့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့အား AA အကြမ်းဖက်အဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့အား AA အကြမ်းဖက်အဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်


အမ်း၊ ဒီဇင်ဘာ ၂၁

AA အကြမ်းဖက်အဖွဲ့က နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

AA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် "အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် AA အကြမ်းဖက်အဖွဲ့က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမ်းအခြေအနေနှင့် ပတ်သက်၍ AA အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုအခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကူအညီ လိုအပ်နေမှု အခြေအနေများကို ဒေသခံများက သတင်းမီဒီယာများမှ ချိတ်ဆက်၍ တင်ပြမှုများ ဆောင်ရွက်ခဲ့သော်လည်း နှိမ်နင်းဆောင်ရွက်မှုအပိုင်းတွင် ထိရောက် ပြတ်သားစွာ လုပ်ဆောင်ပေးခြင်း မရှိခဲ့ပေ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေအနေနှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


Photo - AA အကြမ်းဖက်အဖွဲ့က ဖော်ပြထားသည့်ပုံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)