နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ပစ္စည်းများဂုဏ်ပြုပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment