နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် ထိုင်းနိုင်ငံအမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် Bhumibol Adulyadel ၏ မွေးနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် ထိုင်းနိုင်ငံအမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် Bhumibol Adulyadel ၏ မွေးနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်




ကတ္တမန္ဒူး၊ ဒီဇင်ဘာ ၈

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Suwapong Sirisorn နှင့် ဇနီး၏ ဖိတ်ကြားချက်အရ ကတ္တမန္ဒူးမြို့ရှိ Hotel Yak and Yeti ၌ ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံအမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် Bhumibol Adulyadel ၏ မွေးနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Right Hon’ble Mr. Ram Sahaya Yadav၊ နီပေါအစိုးရအဖွဲ့ဝင်များ အပါအဝင် ကတ္တမန္ဒူးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)