အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး





ကျိုက်လတ်၊ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်   ရောင်းချပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဥ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ကြက်သား(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်နှုန်း၊ ဝက်သား (၁)ပိဿာ လျှင်(၂၅၀၀၀)ကျပ်နှုန်း၊ ငါးခုံးမ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှုန်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်များအားသက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး‌ သောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူမှုများခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှိုင်မင်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)