မင်းလှ၊ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂) ရပ် ကွက်၊ မြို့မစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့နေ့လယ် ၁၂ နာရီချိန်က အဘိဓမ္မာ(ရိုးရိုး) ဒုတိယဆင့်နှင့်အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယဆင့်စာမေးပွဲကို ဆက်လက်ဖြေဆိုကျင်းပလျက်ရှိသည်။
စာမေးပွဲတွင် မြို့နယ်အတွင်းမှ လူပုဂ္ဂိုလ်ဆိုင်ရာအဘိဓမ္မာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူအဘိဓမ္မာ(ရိုးရိုး)တန်းတွင်လူပုဂ္ဂိုလ်ဖြေဆိုသူ(၂၁)ဦး၊ အဘိဓမ္မာ ဂုဏ်ထူး ဆောင်တန်းတွင်လူပုဂ္ဂိုလ် ဖြေဆိုသူ(၁၀)ဦး၊ စုစုပေါင်း စာမေးပွဲဖြေဆိုသူ (၃၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာစာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှုအခြေအနေများအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သာသနာရေးဦးစီးမှူးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment