၂ဝ၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော် ကျင်းပပြုလုပ်



နေပြည်တော်၊ ဒီဇင်ဘာ ၁၈

၂၀၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသား ရိုးရာစုပေါင်းခါးထောင်းဖားပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဇန်းမွန်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အာခါတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားများ နာယကက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အာခါတိုင်းရင်းသားများက ရိုးရာ အက၊ အလှ၊ တေးသံများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)