ပွင့်ဖြူ၊ ဒီဇင်ဘာ ၁၈
မကွေးတိုင်၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာကို ၁၇-၁၂-၂၀၂၄ ရက်နေ့ နေ့လည် (၂ ၀၀)နာရီ အချိန်ခန့်က PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း ၃နေရာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ၁လုံးမှာ အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်အိမ်ရှေ့ ကျရောက်ပေါက်ကွဲပြီး ကားထိမှန်အင်ဂျင်ကွဲပျက်စီးသွားကြောင်း၊ ၁လုံးက ရွာအရှေ့ပိုင်းမကျည်းပင်ပေါ်ကျပေါက်ကွဲခဲ့ပြီး ကျန်၁လုံးမှာ ရွာ၏အနောက်ဘက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
၁၁-၁၂-၂၀၂၄ ရက်နေ့တွင် PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဆင်လူးရွာမှ ဒေါ်သန်းရင် ၈၇နှစ်နဲ့ ဒေါ်တင်မှီ၇၉နှစ်တို့ ဒရုန်းဗုံးထိမှန်သေဆုံးပြီး ၁၅-၁၂-၂၀၂၄ ရက်နေ့က အမျိုးသမီးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး မကွေးဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိကြောင်း၊ ဆင်လူးပြည်သူ့စစ်ကျေးရွာအား အကာအကွယ်ရရှိရန် အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ မျှော်လင့်လျှက်ရှိကြောင်း ဆက်သွယ် သတင်းပေးပို့ထားသည်။
ဆက်စပ်သတင်းများအရ ၁၇-၁၂-၂၀၂၄ ရက်နေ့ ညနေ (၅ ၀၀)နာရီခန့်က ပွင့်ဖြူမြို့အနောက်ဘက် ညောင်ပင်စောက်ရွာဘက်မှ PDF အကြမ်းဖက်သမား ၁၅ဦးခန့် မုန်းချောင်းဖြတ်ကူးသွားကြောင်း၊ ပွင့်ဖြူမြို့နယ် လုံခြုံရေးအဖွဲ့နှင့် ကျောင်းကုန်းကြီးရွာပသစများ မှ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရန် PDF အကြမ်းဖက်အဖွဲ့က လယ်မရွာ၊ ရုန်းပင်ရွာ၊ ရေရင်ရွာ၊ ချောင်းဆုံရွာတို့တွင် အခြေချစုဖွဲပြီး PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များသည် ဝန်လိုရွာမှာနေထိုင်ပြီး ညွှန်ကြားလျှက်ရှိကြောင်း သတင်းရရှိသည်။
ကျောင်းကုန်းကြီး ပသစများသည် အကြမ်းဖက်နှိမ်နင်းရေး တိုက်ပွဲတိုင်း ပါဝင်ဆောင်ရွက်နေရပြီး လက်နက်၊ ခဲယမ်းများ အချိန်နှင့်တပြေးညီ ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment