၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( အင်္ဂါနေ့ )
တူရကီစစ်တပ်နဲ့ ၎င်း၏ ပြည်သူ့စစ် မဟာမိတ်များသည် ကာ့ဒ်တို့ ထိန်းချုပ်ထားသော နယ်မြေများသို့ ကြီးမားသော ထိုးစစ်တစ်ရပ် ပြင်ဆင်နေတယ်လို့ ယူဆရတဲ့ ဆီးရီးယား နယ်စပ်အနီးက ၎င်းတို့၏တပ်ဖွဲ့များကို တပ်ခင်းထားပုံကို လေ့လာပြီး အမေရိကန် အကြီးတန်းအရာရှိများရဲ့အဆိုကို ကိုးကားပြီး Wall Street Journal က တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ တပ်ဖွဲ့များတွင် ပြည်သူ့စစ်တိုက်ခိုက်ရေးသမားများ အပြင် တူရကီကွန်မန်ဒိုများ အမြောက်အမြား ပါဝင်တယ်လို့ သိရပါတယ်။ စစ်ပြင်ထားမှုကို ဆီးရီးယားနိုင်ငံမြောက်ပိုင်း တူရကီနယ်စပ်ရှိ ကာ့ဒ်အများစုနေထိုင်သည့် ကိုဘာနီမြို့အနီး မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးကို ရပ်တန့်ရန် တူရကီအစိုးရကို ဖိအားပေးရန် အာရုံစိုက်နေကြောင်း အမေရိကန် အရာရှိတစ်ဦးက WSJ သို့ ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းတွင် ဆီးရီးယားကာ့ဒ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်သူ အီဟမ်အာမက်က တူရကီသမ္မတ အာဒိုဂန် အား ၎င်း၏တပ်များချထားခြင်း မပြုဖို့အတွက် စည်းရုံးပေးရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ထံသို့ စာတစ်စောင်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ကာ့ဒ်အရာရှိ အာမက်က "နယ်စပ်ဖြတ်ကျော်လာပြီး တူရကီတပ်ဖွဲ့တွေ ဆီးရီးယားထဲကို စုပြုံလာရင် အရပ်သားတွေ သေကြေပျက်စီးရမှာပါ။ မြို့ရွာတွေ ဖျက်ဆီးခံရမှာကို အဆက်မပြတ်ကြောက်ရွံ့နေရတယ်" လို့ ဆိုပါတယ်။ ဆီးရီးယားမှာ အစိုးရသစ် မတည်ဆောက်နိုင်ခင် တူရကီက နယ်မြေသိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ပါက အစိုးရသစ်အနေနဲ့ ပြန်လည်ထိန်းချုပ်မှု ပြုလုပ်ရန်အလွန်ခက်ခဲသွားနိုင်လို့ ဒေသခံအုပ်ချုပ်ရေးသမားများ စိုးရိမ်မှု အလွန်မြင့်တက်နေပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ကျောထောက်နောက်ခံပြုထားသော ကာ့ဒ်အခြေစိုက် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကို တူရကီစစ်တပ်က အမြောက်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေပြီဟု အစီရင်ခံစာတစ်ခုက ထုတ်ပြန်ထားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment