အွန်လိုင်းပေါ်က လိမ်လည်မှုနဲ့ ပတ်သက်ပြီး နိုက်ဂျီးရီးယားမှာ လူ ရာနဲ့ချီပြီး ဖမ်းဆီးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းပေါ်က လိမ်လည်မှုနဲ့ ပတ်သက်ပြီး နိုက်ဂျီးရီးယားမှာ လူ ရာနဲ့ချီပြီး ဖမ်းဆီးထား


၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( အင်္ဂါနေ့ ) 

အွန်လိုင်းပေါ်ကနေ အချစ်ဇာတ်လမ်းတွေရေးပြီး အရပ်သားတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံတဲ့ လူပေါင်းများစွာကို နိုက်ဂျီးရီးယားအစိုးရက ဖမ်းဆီးထားတယ်လို့ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု ကော်မရှင် (EFCC) ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးထားတဲ့ လူပေါင်း ၇၉၂ ဦးမှာ တရုတ် ၁၄၈ ဦး၊ ဖိလစ်ပိုင် ၄၀ ဦး၊ ကာဇက်စတန်နိုင်ငံသား ၄၀ ဦး တို့ပါဝင်ပြီး သူတို့ကို မြို့တော် လာဂို့စ် က Big Leaf အဆောက်အအုံမှာ ဖမ်းမိခဲ့တာပါ။ 

EFCC ပြောရေးဆိုခွင့်ရှိသူ ဝီလ်ဆင် ယူဝူဂျာရန် က “ အဲ့ဒိနိုင်ငံခြားသားတွေက ဒေသခံကြံရာပါ‌တွေကို လာရောက်လေ့ကျင့်ပေးနေတာပါ ။  အွန်လိုင်းပေါ်က သာမန် အရပ်သားတွေကို ဘယ်လိုတွေ သွေးဆောင်စည်းရုံးရမယ် ၊ မက်လုံးတွေပေးရမယ်ဆိုတာတွေ ၊ အချစ်ဇာတ်လမ်းဖြင့် သားကောင်များကို ဆွဲဆောင်ကာ လိမ်လည်ရင်းနှီးမြုပ်နှံမှုများအတွက် ငွေလွှဲပြောင်းပေးနိုင်ရန် တွန်းအားပေးဆောင်ရွက် ရမယ်ဆိုတာတွေကို သင်ကြားပေးနေတာပါ ။  နိုင်ငံခြားသားတွေက ဒေသခံတွေရဲ့ လူမှုကွန်ယက် အကောင့်တွေကို သုံးပြီး အခုလို ရာဇဝတ်မှုတွေကို ကျူးလွန်နေတာပါ” လို့ ဆိုပါတယ်။ 

“သူတို့ရဲ့ နိုင်ဂျီးရီးယား ကြံရာပါတွေကို ဖြားယောင်းသွေးဆောင်ပြီး အွန်လိုင်းကနေ သားကောင်တွေအတွက် အလားအလာပေးဖို့ နိုင်ငံခြာသားတွေက အမေရိကန်၊ ကနေဒါ၊ မက္ကဆီကန်တွေနဲ့ တခြားဥရောပနိုင်ငံတချို့က တခြားသူတွေကို ပစ်မှတ်ထားနေတာ”လို့ ယူဝူဂျာရန် က ဆိုပါတယ်။

တယ်လီဂရမ်၊ WhatsApp နှင့် အင်စတာဂရမ် အကောင့်များအပါအဝင် နိုင်ငံခြား ဖုန်းနံပါတ်များနှင့် ချိတ်ဆက် ထားသော လူမှုမီဒီယာနှင့် စာတိုပေးပို့မှု ပလပ်ဖောင်းများမှတစ်ဆင့် ဒေသခံ ဝန်ထမ်းများက လုပ်ဆောင်ကြပြီး အမျိုးသမီး အများစုကို သားကောင်အဖြစ်ရွေးချယ် ဆက်သွယ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ “နိုင်ဂျီးရီးယားတွေက သားကောင်ဖြစ်မယ့်သူတွေရဲ့ ယုံကြည်မှုကို ရယူနိုင်ပြီးတာနဲ့ နိုင်ငံခြားသားတွေက သားကောင်တွေကို လိမ်လည်လှည့်ဖြားမှုရဲ့ တကယ့်တာဝန်ကို ထမ်းဆောင်သွားတာပါ ” ဟု ပြောဆိုထားပါတယ်။

စုံစမ်းစစ်ဆေးမှုအရ ဒက်စတော့ကွန်ပြူတာများ၊ မိုဘိုင်းလ်ဖုန်းများ၊ လက်ပ်တော့များ၊ မော်တော်ယာဉ်များနှင့် ရာဇဝတ်မှုများအတွက် ဝယ်ယူခဲ့သော ပြည်တွင်းဆင်းမ်ကတ် ၅၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)