မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရ




မန္တလေး၊ ဒီဇင်ဘာ ၁၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်းကြား ရွှေစင်အကယ်ဒမီရွှေဆိုင်တွင် ၂၀၂၄ ဒီဇင်ဘာ(၁၈)ရက်၊ ညနေ (၅ ၃၀) အချိန် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများ သွားရာက်စစ်ဆေးမေးမြန်းရာ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး၊‌ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင်၊ ဦးအောင်ကျော်မြ၊ ဒေါ်ချိုချို၊ဦးညို တို့ဆိုင်ပိတ်ပြီး ဆိုင်အတွင်းရှိနေစဉ် ကလစ် အနက်‌ရောင်ဆိုင်ကယ်(နံပါတ်မပါ)(၁)စီး အမည်မသိအမျိုးသား(၃)ဦး ဝင်‌ရောက်လာပြီး၊ ၎င်းတို့၏ ပုံသဏ္ဌာန်မှာ တစ်ဦးမှာ ဆိုင်အတွင်း အဝင်ပေါက်တွင်ရပ်စောင့်ပြီး အင်္ကျီအကွက်(နီ/ဝါ)လက်ရှည်၊ ဂျင်း ဘောင်ဘီအပြာ၊ ဦးထုပ်ဝါနုရောင်ဆောင်း၊ မက်စ်တပ်ထားသူ၊ တစ်ဦးမှာ အင်္ကျီအဖြူအနွေးထည်နှင့် အတွင်းအင်္ကျီမီးခို‌ ရောင်ဝတ်၊ ဦးထုပ်အစိမ်းနုရောင်ဆောင်း၊ ဘောင်းဘီရှည်စတိုင်ပင် ခဲဖြူဝတ်၊ မက်စ်တပ်သူ သေနတ်ကိုင်နှင့် တစ်ဦးမှာ မီးခိုရောင်လက်ရှည်/ဂျင်းဘောင်းဘီအပြာရောင်ဝတ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်း/ မက်စ်တပ်ထားသူသေနတ်ကိုင်(၁)ဦး၊ ပစ္စတိုသေနတ်(၂)လက်ဖြင့် ဆိုင်အတွင်းဝင်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်အတွင်းကောင်တာဘေး စာပွဲပေါ်တွင်တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသော ပလတ်စတစ်ပုံး(၃)ပုံး ခန့်မှန်း(၄)ပိသာကျော်ခန့် စုစုပေါင်းတန်ဖိုး သိန်း(၃၀၀၀ဝိ)ကျော်ခန့်အားယူဆောင်ပြီး ၇၇လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဆိုင်အတွင်း CCTV မှတ်တမ်းများကြည့်ရှု့စစ်ဆေးပြီး ထိစပ်နယ်မြေရဲစခန်းများအား ပေးပို့ပြီး ပိတ်ဆို့ရှာဖွေလျှက်ရှိပါကြောင်းနှင့် လုယက်မှုတရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)