ဩစတြီးယားနိုင်ငံတွင် ကျင်းပသည့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်ဖက်ရည်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲ၌ မြန်မာနိုင်ငံပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဩစတြီးယားနိုင်ငံတွင် ကျင်းပသည့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်ဖက်ရည်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲ၌ မြန်မာနိုင်ငံပါဝင်ဆင်နွှဲ





ဗီယင်နာ၊ ဒီဇင်ဘာ ၁၈

ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်ဖက်ရည်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး များနှင့် Society Magazine တို့ပူးပေါင်းလျက် ၁၇-၁၂-၂၀၂၄ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးများ၊ ဘင်္ဂလားဒေ့ရှ် သံရုံးယာယီတာဝန်ခံ တို့နှင့်အတူ  တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer၊ ဘင်းမ်စတက်သံရုံး/အဖွဲ့ရုံးများကိုယ်စား အိန္ဒိယသံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Sambhu Santha Kumaran နှင့် ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယအကြီးအကဲ Mr. Christoph Meyenburg တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံ သံရုံး/အဖွဲ့ရုံးများ နှင့် Thai Smile အမည်ရှိ ထိုင်းယဉ်ကျေးမှုအသင်းတို့က ဧည့်သည်များအား ရိုးရာ လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံပြီး၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ကြကြောင်းသိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)