အက်ပဲလ်က ကျနော်တို့ဆီက တွင်းထွက်တွေကို ခိုးနေပါတယ်လို့ ကွန်ဂိုနိုင်ငံက တိုင်တန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အက်ပဲလ်က ကျနော်တို့ဆီက တွင်းထွက်တွေကို ခိုးနေပါတယ်လို့ ကွန်ဂိုနိုင်ငံက တိုင်တန်း


၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

ပြည်တွင်းပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက တွင်းထွက်တွေကို ထောက်ပံ့ရေးကွင်းဆက်တွေကနေ တစ်ဆင့် ရယူနေတယ်ဆိုပြီး ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ က ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှာရှိတဲ့ အမေရိကန်နည်းပညာ ဘီလူးကြီးဖြစ်တဲ့ အက်ပဲလ် လက်အောက်ခံ ကုမ္ပဏီတွေကို ရာဇဝတ်မှုကြောင်းနဲ့ တိုင်တန်းလိုက်ပါတယ်။

ကွန်ဂိုအစိုးရနဲ့  ပြဿနာတက်နေတဲ့ လက်နက်ကိုင်တွေက နိုင်ငံအရှေ့ပိုင်းက မိုင်းတွင်းအများအပြားကို ထိန်းချုပ်ထားပါတယ်။ အဲ့ဒိကထွက်နေတဲ့ သတ္တုတွေက ရာဇဝတ်မှုနဲ့ မလွတ်ကင်းတဲ့ အတွက်ကြောင့် ထောက်ပံ့ရေး ကွင်းဆက်ကနေ ဝယ်ယူနေတဲ့ ကုမ္ပဏီကြီးတွေက ရာဇဝတ်မှု အားပေးနေတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါကြောင့် ကွန်ဂိုနိုင်ငံအနေနဲ့ နိုင်ငံတကာရှေ့နေတွေအသုံးပြုပြီး အက်ပဲလ်ကုမ္ပဏီခွဲတွေကို တရားစွဲဆိုမှု စလုပ်တော့တာပဲ ဖြစ်ပါတယ်။ 

အက်ပဲလ်ကုမ္ပဏီခွဲတွေက ကွန်ဂိုနိုင်ငံထွက် သံဖြူ၊ တန်တလန်၊ အဖြိုက်နက် သတ္တုတွေကို မှောင်ခိုလမ်းကြောင်းကနေ ဝယ်ယူနေပါတယ်။ အဲ့ဒိလိုနည်းနဲ့ ငွေမဲတွေကို ခဝါချနေတာလည်းဖြစ်တယ်လို့ တရားစွဲဆိုတဲ့အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

“ဒီလှုပ်ရှားမှုတွေဟာ စစ်သွေးကြွတွေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ရန်ပုံငွေထောက်ပံ့ခြင်းအားဖြင့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခသံသရာကို ဖြစ်ပေါ်စေပြီး ကလေးလုပ်သားတွေကို အဓမ္မခိုင်းစေမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ အတွက် အထောက်အကူဖြစ်စေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အက်ပဲလ်က ၎င်း၏ “ထောက်ပံ့ရေး ကွင်းဆက်များ သန့်ရှင်းသည်” ဆိုပြီး စားသုံးသူများအား အာမခံရန်အတွက် “လှည့်စားသော စီးပွားရေးအလေ့အကျင့်များ” ကို အသုံးပြုနေသည်ဟုလည်း စွပ်စွဲခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံ ကိုလိုနီဟောင်းနိုင်ငံဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံသည် မိုဘိုင်းလ်ဖုန်းများနှင့် လျှပ်စစ်ကားများ အပါအဝင် လူသုံး အီလက်ထရွန်းနစ်ပစ္စည်းများတွင် အဓိကအသုံးပြုသည့် ဘက်ထရီများ၏ အဓိကအစိတ်အပိုင်း ဖြစ်သော ကိုဘော့သတ္တု အများဆုံး ထုတ်လုပ်သည့်နိုင်ငံစာရင်းတွင် ပါဝင်ပါတယ်။  

Apple၊ Intel၊ Sony နှင့် Motorola အပါအဝင် အဓိကနည်းပညာကုမ္ပဏီများက ရဝမ်ဒါမှဝယ်ယူသော သတ္တုများ သည် ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံက မိုင်းတွင်းများမှ ထွက်ရှိတာဖြစ်ပြီး ရာဇဝတ်မှုပေါင်းများစွာဖြစ်ပေါ်ပြီး မှ ရရှိလာတာဖြစ်လို့ ကုမ္ပဏီများကို အသိပေးအကြောင်းကြားထားပါတယ်လို့ တရားစွဲဆိုရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။


REF - RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)