၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( ဗုဒ္ဓဟူးနေ့ )
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဆီးရီးယားမှာ အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပေါ်လာပြီးနောက် အစ္စရေးက ဆီးရီးယားနယ်စပ်မှာထားရှိထားတဲ့ ကြားခံဇုံတွေမှာ စစ်တပ်အခိုင်အမာထားရှိလိုက်ပြီး ကြားခံဇုံနယ်မြေကို ချဲ့ထွင်ကာ ဆီးရီးယားပိုင်မြေထဲကို ကျူးကျော်လိုက်ပါတယ်။ ဆီးရီးယားမြို့တော် ဒမက်စကပ်ကို အပေါ်စီးကနေ မိုးပြီး ကြည့်လို့ရတဲ့ မဟာဗျူဟာမြောက်တောင်ဖြစ်တဲ့ ဟာမွန်တောင်ကို မနေ့က သွားရောက်ခဲ့ပြီး တောင်ပေါ်ကနေ ဒါက အစ္စရေးပိုင်မြေဖြစ်တယ်လို့ ဆိုသွားပါတယ်။
ဆီးရီးယား သမ္မတ အာဆက် ကို ဖြုတ်ချဖို့အတွက် တော်လှန်ရေး အင်းအားစုတွေရဲ့ ကြိုးပမ်းမှုကြောင့် ဆီးရီးယား နိုင်ငံအတွင်း အုပ်ချုပ်ရေးဆိုင်ရာ ကသောင်းကနင်းတွေဖြစ်နေချိန်မှာ အစ္စရေးစစ်တပ်က ဆီးရီးယားမြေတွေကို သေနတ်တစ်ချက်မဖောက်လိုက်ရပဲ သိမ်းယူလိုက်တာပဲ ဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်၊ စစ်ဦးစီးချုပ် ဟာဇီဟာလီဗီ တို့နှင့်အတူ ဂိုလန်ကုန်းမြင့်မြောက်ပိုင်းမှာရှိတဲ့ ဟာမွန်တောင်ပေါ်ကို သွားရောက်ကြည့်ရှု့ခဲ့ပြီး “အခြေအနေတွေကို အကဲဖြတ်ပြီး ကျွန်ုပ်တို့ရဲ့လုံခြုံရေးကို သေချာစေမယ့် အကောင်းဆုံးအစီအစဉ်ကို ဆုံးဖြတ်ဖို့ အကြီးတန်းတပ်မှူးတွေနဲ့အတူ ဟာမွန်တောင် ထိပ်သီးအစည်းအဝေးကို ရောက်နေပါပြီ” လို့ နေတန်ယာဟုက ၎င်း၏ လူမှုမီဒီယာအကောင့်မှ အားလုံးကို ဘာသာစကားမျိုးစုံဖြင့် မျှဝေထားသည့် ဗီဒီယိုကလစ် တစ်ခုကို တင်ခဲ့ပါတယ်။
ထိုဒေသရှိ အမြင့်ဆုံးတောင်ထွတ်တွင် ရပ်ပြီး အစ္စရေးခေါင်းဆောင်က ၎င်း၏အတိတ်ကို ပြန်တွေးကာ “ကျွန်တော် စစ်သားတစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ၅၃ နှစ်လောက်က ဒီမှာရှိခဲ့တာပါ။ နေရာက မပြောင်းလဲ သေးပေမယ့် ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် သူ့ရဲ့ အရေးပါမှုက သိသိသာသာ ကြီးထွားလာ နေပါတယ်” လို့လည်းရေးတင်ခဲ့ပါတယ်။
ဂိုလန်ကုန်းမြင့်ဆိုတာ အရင်တုန်းက ဆီးရီးယာနိုင်ငံ ကူနီထရာပြည်နယ်အပိုင်ပါ။ ၁၉၆၇ အာရပ်-အစ္စရေး ၆ ရက်ကြာ စစ်ပွဲအပြီးမှာ ဂိုလန်ကုန်းမြင့် ဒေသအချို့ကို အစ္စရေးက သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာလည်း အစ္စရေးက ဆီးရီးယား ကို တစ်ဖက်သတ် စစ်ကြေညာပြီး နောက်ထပ်နယ်မြေတွေကို သိမ်းယူခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထောက်ခံမှုနဲ့ အစ္စရေအစိုးရက မြို့တော်ကို တဲလ်အဗစ်မြို့ ကနေ အနောက်ဂျေရုဆလင်ကိုပြောင်းပြီး နယ်မြေထိန်းချုပ်မှု အခိုင်အမာဖြစ်အောင် လုပ်ခဲ့ပါတယ်။ အစ္စရေးတွေရဲ့ နယ်မြေလုံခြုံရေး အကြောင်းပြချက်နဲ့ ဆီးရီးယားမြေတွေကို သိမ်းယူနေတာနဲ့ ပတ်သက်ပြီး ကုသမဂ္ဂအဖွဲ့ကရော၊ အာရပ်နိုင်ငံများအဖွဲ့ကပါ ပြစ်တင်ပြောဆိုမှုတွေလုပ်နေပေမဲ့ အစ္စရေးကတော့ အသိမ်းမပျက်ပါဘူး။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစ္စရေးက အချောင်နှိုက်နေတယ် ဆိုပြီး စွတ်စွဲပြောဆိုထားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment