မိုးနဲ၊ ဒီဇင်ဘာ ၂၉
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆက် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းရှိ မျက်ကွယ်ကုန်းနေရာ နှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာန၏ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကီလိုမီတာ ၅၉ ဒသမ ၃၀ မှ ၅၉ ဒသမ ၆၀ ထိ မျက်ကွယ်ကုန်းနှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေးရင်းခွင့်ပြု ရန်ပုံငွေကျပ် ၅၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ လမ်းပိုင်းပြီးစီးသွားပါက လမ်းအသုံးပြုသူပြည်သူများအနေဖြင့် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်မည်ဖြစ်ပြီး မိုးတွင်းကာလ ရေကြီးခြင်း ၊တောင်ပြိုခြင်း အန္တရယ်များကို လည်း ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment