နေပြည်တော်၊ ဒီဇင်ဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး မှော်ဘီမြို့နယ် ဦးစီးမှူးရုံး၌ e-ID စနစ်ဖြင့် Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မှော်ဘီခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အတွက် လက်ရှိဦးစားပေးလုပ်ငန်းများဖြစ်သည့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့်အညီထုတ်ပေးခြင်း၊ e-ID စနစ်အတွက် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်း၊ မဲစာရင်းတိကျမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း၊ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စသည့်လုပ်ငန်းများကို ဒေသအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ်အတည်ပြုကာ တိကျမှန်ကန်သည့် မဲစာရင်းပြုစု ဆောင်ရွက်သွားမည့်အခြေအနေ၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုအားလုံးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment