ပေါင်၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌(၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုနှစ်သည် (၇၇)နှစ် မြောက်လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊အခမ်းအနားကို နှစ်ချိန် ခွဲပြီးပြုလုပ်ဆောင်ရွက်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် အလေးထားပြီး အခမ်းအနားကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးထွန်းထွန်းဦးက အခမ်းအနားကို စနစ်တကျရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲထွန်းက လျှပ်စစ် မီးများ လှပကောင်းမွန်အောင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တင်အောင်ဟိန်းကလည်း အလံတင် အခမ်းအနားနှင့်အလေးပြုခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်၍ပြုလုပ်သွားမည်ဖြစ် ပါကြောင်း ပြောကြားဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဌာနဆိုင်ရာများကလည်း လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်သွားကြဖို့နှင့် ဆွေးနွေးခဲ့သည့်အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment