ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainabel Development Goals – SDGs )အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainabel Development Goals – SDGs )အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်



ဟားခါး၊ ဒီဇင်ဘာ ၂၇

စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainable Development Goals – SDGs) အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂) နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ရန် ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင် (၁၉၃) နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက (၂၀၁၅) ခုနှစ်တွင် သဘောတူခဲ့ကြပါကြောင်း ၊ မြန်မာနိုင်ငံသည်  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ပန်းတိုင်များကို (၂၀၃၀)ပြည့်နှစ်တွင် ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဗဟိုချုပ်ကိုင်မှုလျှော့ချသော စာရင်းအင်းစနစ် ( Decentralized Statistical System )ကို  ကျင့်သုံးသည့် နိုင်ငံဖြစ်သည့်အတွက် စာရင်းအင်းအချက်အလက်များ ပြည့်စုံ၊ မှန်ကန်၊ တိကျပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ ယခုဟောပြောပွဲကနေရရှိလာသည့် အသိပညာများကိုအခြေခံပြီး မိမိတို့နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များတွင်ပါဝင်သော ရည်မှန်းချက်များအတွက် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ ပိုမိုရရှိရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ−SDGs အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြတ်ကျော်က Pact For the Future အကြောင်းအနှစ်ချုပ်ကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဦးက Pact For the Future တွင် ပါဝင်သောလုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းဟောပြောကြ သည်။

ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အသိပညာပေးဟောပြော ကြသော ချင်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြတ်ကျော်နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)