အပြုတ်တိုက်လမ်းစဉ်ကို ထောက်ခံမှုလျော့ကျသွားပြီလို့ စစ်တမ်းတစ်ခုကဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြုတ်တိုက်လမ်းစဉ်ကို ထောက်ခံမှုလျော့ကျသွားပြီလို့ စစ်တမ်းတစ်ခုကဆို


ဒီဇင်ဘာ - ၂၇ ( သောကြာနေ့)

ရုရှားကို မနိုင်မချင်းတိုက်ရန် ယူကရိန်းကို ထောက်ခံနေတဲ့ အနောက်အုပ်စု နိုင်ငံတော်တော်များများမှာ ထောက်ခံမှုအင်အား သိသိသာသာ လျော့ကျလာပြီလို့ YOUGOV သုတေသနရဲ့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ အဲ့ဒိစစ်တမ်းထဲမှာပဲ ငြိမ်ချမ်းရေးအတွက် ယူကရိန်းနယ်မြေ ၄ ခု အဆုံးရှုံးခံလိုက်ဖို့အတွက် သဘောတူတဲ့ ဆန္ဒမဲတွေလည်း အများအပြားပါရှိလာပါတယ်။ 

ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် ယူကေတို့တွင် ဒီဇင်ဘာလအစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်တမ်းကို The Guardian မှ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ဆွီဒင်၊ ဒိန်းမတ်နှင့် ယူကေတွင် ဖြေဆိုသူ ၅၀%, ၄၀%, နှင့် ၃၆ % တို့က "ရုရှားမဆုတ်ခွာမီအထိ ယူကရိန်းကို ထောက်ခံ အားပေးမည်”လို့ ဆိုထားပါတယ်။ အဲ့ဒိအချက်က စစ်ပွဲကြာရှည်တယ်လို့ ဆိုလိုတဲ့ သဘော ၁၀ % ဝန်းကျင် ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သုံးနိုင်ငံလုံးကို တစ်ချိန်တည်းမှာ ဆန္ဒမဲ ကောက်ခံခဲ့ရာ  ၂၄ %, ၃၄ %, နှင့် ၃၂ % တို့က “ရုရှားသည် ယူကရိန်း၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ် ထားဆဲဖြစ်လျှင်ပင်၊ တိုက်ပွဲများ အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်းရေးကို အားပေးသည်" လို့ ဖော်ပြခဲ့ပါတယ်။ ဂျာမနီ၊ စပိန်၊ ပြင်သစ်နှင့် အီတလီတွင်မူ ယူကရိန်းအောင်ပွဲအတွက် ထောက်ခံမှု တိုးလာပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သက်ဆုံးရလဒ်ဖြစ်တယ်လို့  နိုင်ငံလေးခုစလုံးက ဆန္ဒမဲရှင်တွေက ဆိုပါတယ်။ 

ဂျာမန်လူမျိုး ၂၈ ရာခိုင်နှုန်းသည် ယူကရိန်းက ရုရှားကို ဆက်လက်တိုက်ခိုက်ရန် လိုလားကြပြီး ၄၅ ရာခိုင်နှုန်းက ညှိနှိုင်းဖြေရှင်းမှုကို ထောက်ခံကြပါတယ်။ စပိန်၊ ပြင်သစ်နှင့် အီတလီရှိ ဖြေဆိုသူ လေးပုံတစ်ပုံအောက်သာ ပဋိပက္ခကို ရှည်စေချင်ကြတာပါ။ အီတလီတွင် လူထုသဘောထား ကွာဟမှုသည် အထင်ရှားဆုံးဖြစ်ပြီး ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံကြပြီး ၁၅ ရာခိုင်နှုန်းသာ ကိယက်ဗ်အစိုးရကို ဆက်လက် လက်နက်တပ်ဆင်လိုကြပါတယ်။ 

အဲ့ဒီစစ်တမ်းရဲ့ အကျိုးဆက်က ပြင်သစ်နှင့် ဂျာမနီအစိုးရများသည် ဖေဖော်ဝါရီနှင့် ဒီဇင်ဘာလ ကြားတွင် ပြိုကျခဲ့ပြီး ဗြိတိန်၏ ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနာအား ဇူလိုင်လတွင် ၎င်း၏ ကွန်ဆာဗေးတစ်ပါတီမှာ အပြတ်အသတ်ရှုံးနိမ့်ကာ ဖြုတ်ချခံလိုက်ရတာပဲ ဖြစ်ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)