ပန်းတောင်းမြို့နယ်တွင် လူသတ် ဆိုင်ကယ်လုယူသူတရားခံများ ၂၄နာရီအတွင်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် လူသတ် ဆိုင်ကယ်လုယူသူတရားခံများ ၂၄နာရီအတွင်း ဖမ်းဆီးရမိ



ပန်းတောင်း၊ ဒီဇင်ဘာလ ၄

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်

၁၀ ၃၀အချိန်က ကျောင်းဦးအုပ်စု၊ သံလယ်ကြီးကျေးရွာနေ ဒေါ်ကြာလှ (၆၆)နှစ်၊ (ဘ)ဦးပန်းမောင်သည် လယ်ထဲသို့သွားရောက်ရန်  ပုသိမ်-မုံရွာ ကားလမ်းအတိုင်း လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိရသဖြင့် သံလယ်ကြီးကျေးရွာအုပ်စု အခရမှူးမှ တဆင့် နမစ(ဥသျှစ်ပင်)သို့ ဆက်လက်အကြောင်းကြားခဲ့ရာ နမစ(ဥသျှစ်ပင်) အနောက်မြောက် (၁၀)မိုင်ခန့်အကွာ၊ မြေဝါကုန်းကျေးရွာ နှင့် သံလည်ကြီးကျေးရွာအကြား မိုင်တိုင် (၁၃၅/၂)နှင့် (၁၃၅/၃)အကြား အခင်းဖြစ်နေရာသို့ ခေတ္တမနရမှူး ဒုရဲမှူး ကျော်သီဟ ဦးစီး(၁+၂)ဦး၊ နမစမှူး ရဲအုပ် ဝင်းဆန်း ဦးစီး (၃+၅) ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

အမျိုးသား တစ်ဦးသည် ပုသိမ်-မုံရွာ ကားလမ်း အနောက်ဘက်တွင် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာဘက်နံရိုးအောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်ခါးနောက်ကျော ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် တောင်ဘက်သို့ ခေါင်းပြုလျှက် ဝဲဘက်သို့စောင်း၍ သေဆုံးနေကြောင်း သိရှိရသဖြင့် စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးအေးမြင့်(၆၇)နှစ်၊ (ဘ)ဦးအုန်းမောင်၊ ဗမာ/ဗုဒ္ဓ၊ ဆိုင်ကယ်ကယ်ရီမောင်း၊ မြစစ်ကိုင်းကျေးရွာ၊ ရေလည်ကျွန်းအုပ်စု၊ ပန်းတောင်းမြို့နယ်နေသူ ဖြစ်ကြောင်းသိရှိရသဖြင့် နမစ (ဥသျှစ်ပင်) (ပ) ၂၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ၄-၁၂-၂၀၂၄ ရက် ၁၃၅၀ အချိန် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အမှုနှင့်ပတ်သက် ပန်းတောင်းမြို့နယ် ခေတ္တမနရမှူး ဒုရဲမှူး ကျော်သီဟ အနီးကပ်ကြီးကြပ်၍ နမစမှူး ရဲအုပ် ဝင်းဆန်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သိန်းမင်းထွဋ် ဦးစီး အဖွဲ့ သည် အမှုမှ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ  ၃.၁၂.၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ပေါက်သစ်ကုန်းကျေးရွာနေ မင်းမင်းမှ သေဆုံးသူ၏ ဆိုင်ကယ် ကယ်ရီ ငှားရမ်းခဲ့ကြောင်း စုံစမ်းသိရှိရသဖြင် မင်းမင်း အား ဒီ ၀၄ ၁၃ ၄၀ အချိန် ၎င်း၏နေအိမ်၌ တွေ့ရှိရသဖြင် အမှုဖြင့် စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ပိတောက်လမ်း၊ ပြည်တော်သာရပ်ကွက်၊ ဥသျှစ်ပင်မြို့နေ မြတ်နိုးဦး(ခ)မင်းသူ(ခ)တူကြီးတို့သည်  ဦးအေးမြင့် မောင်းနှင်သည့် 56W-75775 Wonjan Smash 110 ဖြူနက်ကြား ဆိုင်ကယ် ကယ်ရီ ငှားရမ်းပြီး နမစ (ဥသျှစ်ပင်)အပိုင်  မြေဝါကုန်းကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ မြေဝါကုန်းကျေးရွာ အား ကျော်သွားသဖြင့် ပြန်လှည့်စဉ် အသင့်ပါလာသော အရိုးအသွား ၁၁ လက်မခန့်ရှိ သစ်သားရိုးတပ် စတီး ဓါးဖြင့်ထိုးခဲ့ကာ ဆိုင်ကယ်အားယူဆောင်ခဲ့ပြီး ၎င်းတို့ (၂)ဦး သည် နမစ(ဥသျှစ်ပင်)အပိုင် ကျောက်ဖူးအုပ်စု၊ ဘင်္ဂကျေးရွာ နေ ဦးရဲထွဋ် ထံသို့ ငွေကျပ် ၈ သိန်း ၃သောင်း ဖြင့် ရောင်းချခဲ့ပြီး ခွဲဝေယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် တလုပ္ပင်အုပ်စု၊ သနီဝကျေးရွာ နေအိမ်၌ မြတ်နိုးဦး (ခ) မင်းသူ အား ၁၄ ၀၀ အချိန်တွင် အမှုဖြင့် ဖမ်းဆီးရမိခဲ့သည်။ 

သက်သေခံ ဆိုင်ကယ် အား သိမ်းဆည်းပြီး တရားခံ ၂ ဦး အား အသေးစိတ် စစ်ဆေးလျက်ရှိပါကြောင်းနှင့် အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ရရှိခဲ့ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)