ပဲခူး၊ ဒီဇင်ဘာ ၄
ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၌ အရွယ်မရောက်သေးသူ မိန်းခလေးငယ်တစ်ဦးအား သားမယားအဖြစ်ပြုကျင့်ရန် ကြိုးပမ်းအားထုတ်သည့် မှုခင်းတစ်ခုဖြစ်ပွားရာ တရားခံအားအမှုဖွင့် ဖမ်းဆီးအရေးယူထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် မ+++ (၁၃)နှစ် အား နေအိမ်၌ တစ်ယောက် တည်းဆော့ကစားနေစဉ် အိမ်နီးချင်းဖြစ်သူ ဦးဝင်းနိုင်(၅၈)နှစ်၊ (ဘ)ဦးဘိုစိန်သည် အိမ်နောက်ဖေးမှ ရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းသဖြင့် ဖွင့်ပေးခဲ့ရာ ဦးဝင်းနိုင်မှ နေအိမ်အတွင်းသို့ ဓါးမတစ်ချောင်းကိုင်၍ ဝင်ရောက်လာပြီး ဖက်ပြီးပါးနမ်းခြင်း၊ ရင်သားများအားလက်ဖြင့်ကိုင်ညှစ်ခြင်း၊ မတ်တပ်ရပ်၍ ဘောင်းဘီတို့အားချွတ်ပြီး ဦးဝင်းနိုင်မှ သူ၏ပုဆိုးကိုမကာ ၎င်း၏ လိင်တံအားကိုင်လျှက် မ+++အား ကြမ်းပြင်ပေါ်သို့တွန်းလှဲပြီး သားမယားအဖြစ်ပြုကျင့်ရန် ကြံရွယ်စဉ် နေအိမ်ရှေ့မျက်နှာချင်းဆိုင်နေအိမ်မှ မဇာခြည်လင်းရောက်ရှိလာပြီး နေအိမ်နောက်ပေါက်အား ဖွင့်လိုက်ရာ ဦးဝင်းနိုင်မှ မ+++ အား တက်ခွထားသည်ကို တွေ့ရှိသဖြင့် ဦးဝင်းနိုင်မှာ ထွက်ပြေးသွားခဲ့ကြောင်း၊ မ+++ မှ မိခင်ဖြစ်သူဒေါ်သီသီဝင်းအားပြောပြသဖြင့် သားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်သူ ဦးဝင်းနိုင်အား အရေးယူပေးပါရန် မိခင်ဒေါ်သီသီဝင်းမှ ဒီဇင်ဘာလ(၄)ရက်နေ့တွင် တရားလိုပြုလုပ်၍ အမှတ်(၃)ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၂၉၇/ရာဇာသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အမှုမှ တရားခံအား ဖမ်းဆီးကာ တရားလိုစစ်ဆေးခြင်း၊ သက်သေစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း စသည့်ရဲလုပ်ငန်းများကို အမှုစစ်မှ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment