ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ ဓမ္မသီတဂူဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သစ်ပင်စိုက်ပျိုးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ ဓမ္မသီတဂူဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သစ်ပင်စိုက်ပျိုးပွဲပြုလုပ်





ထန်းတပင်၊ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကတွယ်အုပ်စု၊ သနပ်ပင်ကျေးရွာ၊ ဓမ္မသီတဂူဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်သုမင်္ဂလ ကျောင်းဝင်းအတွင်း သဘာဝဘေးကာကွယ်ရန်အတွက် သစ်ပင်စိုက်ခြင်းလုပ်ငန်းအား ယနေ့ နံနက်( ၉း၀၀)အချိန်က YMBA သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့နှင့် ထန်းတပင်မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကံ့ကော်ပင်၊ တည်ပင်၊ သြဇာပင်၊ ခရေပင်၊ ပိတောက်ပင်၊ ပိန္နဲပင်၊ မလေးရှားပင်၊ အုန်းပင်၊ ကွမ်းသီးပင် ( ၈၀ )ခန့်အား ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းစိုက်ပျိုးပေးခဲ့ရာ အဆိုပါ သစ်ပင်စိုက်ပျိုးရာသို့ မြို့နယ်သံဃာ့နာယကဆရာတော်ဥက္ကဋ္ဌ မြို့နယ်YMBA သြဝါဒစရိယာ ဘဒ္ဒန္တသီလာစာရဆရာတော်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှော်ဘီခရိုင် ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်၊ မြို့နယ်ဒုဥက္ကဋ္ဌ ဦးစိန်သောင်း၊ ဦးဇော်သိန်း-မြို့နယ် လူငယ်ကင်းထောက်တာဝန်ခံ YMBA မြို့နယ်အတွင်းရေးမှုး ဦးရန်လင်းအောင်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်းသားများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အမှုဆောင်  ဦးကျော်ဇင်ဝင်းနှင့်အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှုးဦးရွှေထိုက်နှင့် သနပ်ပင်ကျေးရွာ၊ မူလတန်းကျောင်းအုပ် ဆရာမဒေါ်သန်းသန်းဋ္ဌေးနှင့် ကျောင်းသား/ ကျောင်းသူများတို့မှ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သဘာဝဘေးကာကွယ်ရန်အတွက် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)