ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး




ကျိုင်းတုံ , ဒီဇင်ဘာ ၂၁


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တာဝန်ခံ ဦးသန်းစိုးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးတို့သည် ဒီဇင်ဘာ (၁၈)ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တာဝန်ခံ ဦးသန်းစိုးက အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုးက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ပဥ္စမအကြိမ် မြေပြင်လူဦးရေစာရင်းကို (၃)ဌာန ပေါင်းစပ်စိစစ်ထားရှိမှု၊ ဝန်ထမ်းခန့်အပ်ထားရှိမှု၊ ပြည်နယ်ခွဲ၊ ခရိုင်နှင့် မြို့နယ်များမှ မဲရုံလျာထားမှုနျင့် CVlMS သို့ စာရင်းတင်သွင်းထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများရှင်းလင်တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)မှ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန့်ဇင်တို့နှင့် တွေ့ဆုံပြီး ယခုကာလသည် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် ကာလဖြစ်ကြောင်း၊ မဲရုံသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရာနှင့် ထာသိုမည့်နေရာများ၊ မဲစာရင်းမှန်ကန်စေရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များ ပူး‌ပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)