ပဲခူးမြို့၊ ကလိကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ကလိကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး


ပဲခူး၊ ဒီဇင်ဘာ ၂၁

ပဲခူးမြို့မရဲစခန်းအပိုင် ကလိကျေးရွာတွင် ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသူမှာ ကလိကျေးရွာ(အရှေ့ပိုင်)နေ အသက်(၄၈) နှစ်အရွယ်ရှိသူ ဦးသိန်းစိုးဖြစ်ပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သားဖြစ်သူ ကိုထွန်းဝင်းကိုမှ ၎င်း၏ဖခင်ဖြစ်သူ သေဆုံးသူဦးသိန်းစိုးသည် နံနက်(၈)နာရီအချိန်တွင် အိပ်ယာမှထ၍ မျက်နှာသစ်ပြီး အိမ်အပြင်ဘက်ရှိ မီးကြိုးသွယ်တန်းထားသည့် ဆိုင်းကြိုးအားဖြုတ်ကာ သရက်ပင်ပေါ်သို့ ရွေ့လိုက်ရာမှ ဓာတ်လိုက်ပြီး လဲကျသေဆုံးသွားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားကာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ပြောပြသိရှိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းမှူးနှင့် တပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ ဓာတ်လိုက်သေဆုံးသူအား ပဲခူးဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ ယာလက်ခလယ်တွင်လျှပ်စစ်လောင်ဒဏ်ရာ(၁)ချက်တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)