နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရုရှားမြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Political Section Chief ဖြစ်သူ Mr. Nikita RODIONOV အား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ ၁၄၀၀အချိန်တွင် ပါတီဌာနချုပ်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် United Russiaပါတီ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အဖွဲ့သည် ၁၈ ၃၀ နာရီအချိန်တွင် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအား Jasmine Hotel နေပြည်တော်၌ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဌဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးအေးလွင်၊ ဦးလှသိန်း၊ ဦးမြင့်ကိုကိုတို့ တက်ရောက်ခဲ့ကြပြီး ရုရှားမြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အသင်းမှMr. Nikita RODIONOVနှင့်အတူ အဖွဲ့ဝင်နှစ်ဦး တက်ရောက်ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment