အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses သည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ယင်း ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပျက် ဆက်လက်ပို့ဆောင်သည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးအစီအစဉ်တွင်လည်းကောင်း၊ အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကာကွယ်ဆေး ထပ်မံတိုက်ကျွေးပေးရန်လိုအပ်သည့် ကလေးငယ်များအတွက် ဆောင်ရွက်မည့် အမျိုးသားကာကွယ်ဆေးတိုက်ကျွေးရေးနေ့များအတွက်လည်းကောင်း အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပိုလီယိုရောဂါကင်းစင် ပပျောက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)