ပဲခူး၊ ဒီဇင်ဘာ ၁၇
ပဲခူးမြို့နယ် အလိုင်နီကျေးရွာရှိ ရာဘာခြံတစ်ခုတွင် ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ ဒေါ်ခင်နှင်းအေး (၅၈)နှစ်(ဘ)ဦးအေးမောင် ရာဘာခြံလုပ်သား အလိုင်နီကျေးရွာနေသူဖြစ်ပြီး အရှည်(၁၀)ပေခန့်ရှိ အစိမ်းရောင်ပလပ်စတစ်ကြိုးအား ရာဘာခြံအတွင်းရှိ အမြင့်(၁၀)ပေခန့်၊ လုံးပတ်(၂)ပေခန့်ရှိ သီဟိုပင်ကိုင်း၌ ကွင်းလျောချည်၍ ညာဘက်ခြေမအားထပ်မံ၍ အဆိုပါကြိုးဖြင့်ချည်ကာ ကြိုးဆွဲချသေဆုံးခြင်းဖြစ်သည်။
သေဆုံးသူဒေါ်ခင်နှင်းအေး၏ သားဖြစ်သူ၏ပြောပြချက်အရ ၎င်း၏မိခင်မှာ မီးယပ်သွေးဆုံး၍ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ ရာဘာခြံထဲတွင် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း ပြောပြသိရှိရသည်။
အဆိုပါ မှု့ခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အမှတ်(၃)နယ်မြေရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment